စည်းမျဉ်းနှင့် သက်မှတ်ချက်များ

Dear Office Application ကိုအသုံးပြုရန် ဤစည်းမျဉ်းနှင့် သက်မှတ်ချက်များကို သဘောတူ လက်ခံရပါမည်။ ဤစည်းမျဉ်များသည် သင်နှင့် ကျွန်တော်တို့နှစ်ဦးစလုံးကို အကာအကွယ်ပေးမည်ဖြစ်ပြီး ကြာရှည်စွာ လက်တွဲဆောင်ရွက်နိုင်ရန် ဖြစ်သည်။

Dear Office Application သည် Myanmar Web Designer (MWD) Co., Ltd. ၏ Product တစ်ခုဖြစ်သည်။ ကျွန်တော်တို့၏ ဝန်ဆောင်မှုစည်းမျဉ်းများသည် အဆင်မပြေမှုများရှိခဲ့ပါက Myanmar Web Designer (MWD) Co., Ltd. ကို ဆက်သွယ်ပြီး အကြံပြု အသိပေးနိုင်ပါသည်။

Dear Office Application အား အသုံးမပြုမှီ သဘောတူညီချက်များကို သေချာစွာဖတ်ရှုပါ။ ကျွန်တော်တို့၏ စည်းမျဉ်းနှင့် သက်မှတ်ချက်များကို သဘောမတူပါက Dear Office Application ၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပါ။


၁။ Dear Office Application အကောင့်ပြုလုပ်ခြင်း (Registeration)

သင်သည် ကျွန်တော်တို့၏ Dear Office Application တွင် အကောင့် (Register) ပြုလုပ်ခဲ့ပြီးပါက သင့်၏ အကောင့်လုံခြုံရေးကို ထိန်းသိမ်းရန် သင်ကိုယ်တိုင်တာဝန်ရှိပါသည်။ အကောင့်ပြုလုပ်ရာတွင် ဖြည့်စွက်သော အချက်အလက်များသည် သင့်လုပ်ငန်းနှင့် သက်ဆိုင်သော အချက်အလက် အစစ်အမှန်များ ဖြစ်ရပါမည်။ သင်နှင့် မသက်ဆိုင်သော အခြားလုပ်ငန်း၏ အမည်များ အငြင်းပွားဖွယ်ကိစ္စများ ဖြစ်ပေါ်စေနိုင်သည့် အချက်အလက်များ မဖြည့်စွက်ရပါ။

  • သင့်အမည်/သင့်လုပ်ငန်းအမည်၊ အီးမေးလ် တို့ကိုမှန်ကန်စွာဖြည့်စွက်ရပါမည်။
  • သင့်အကောင့်လုံခြုံရေးသည် သင့်မှာတာဝန်ရှိပါသည်။ သင့်အကောင့်နှင့်ပက်သက်၍ ဖြစ်ပေါ်လာ သောပြဿနာများကို Myanmar Web Designer (MWD) Co., Ltd. မှ တာဝန်ယူမည်မဟုတ်ပါ။

၂။ အသုံးပြုမှု ရပ်တန့်ခြင်း

Dear Office Application အသုံးပြုခြင်းကို ရပ်တန့်လိုပါက စာချုပ်သက်တမ်းကာလ မပြည့်မှီ ရက်သတ္တ (၁) ပတ်ကြိုတင် အသိပေးရပါမည်။ ၎င်း ရက်သတ္တ (၁) ပတ်အတွင်း သင့်လုပ်ငန်းနှင့်ဆိုင်သော အချက်အလက် (Data) များကို Export လုပ်ယူကာ သိမ်းဆည်းနိုင်ပါသည်။ ရက်သတ္တ (၁) ပတ် ကျော်လွန်ပြီးနောက် ၎င်းအချက်အလက်များ ရယူနိုင်တော့မည် မဟုတ်ပါ။

၃။ သက်တမ်းတိုးခြင်း

စာချုပ်သက်တမ်တိုးရန် အတွက် Myanmar Web Designer (MWD) Co., Ltd. မှ အကြောင်းကြားသည့် အချိန်တွင် Dear Office Application ကိုဆက်လက်အသုံးပြုလိုပါက စာချုပ်သက်တမ်းတိုးနိုင်ပါသည်။

၄။ Source Code ပိုင်ဆိုင်ခွင့်

သင်သည် Dear Office Application ကို လစဉ် သို့မဟုတ် နှစ်စဉ် နှုန်းထားဖြင့် ငှားရမ်းသုံးစွဲခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကုမ္ပဏီနှင့် ပတ်သတ်သော အချက်အလက် (data) များမှအပ Dear Office ၏ source code, server နှင့် အခြား resource များအား ပိုင်ဆိုင်ခွင့်မရှိပါ။ တစ်နည်းအားဖြင့် မပိုင်ဆိုင်ပါ။

၅။ အခွန်

အခွန်ဥပဒေအရ သင်ဝယ်ယူလိုက်သော Dear Office Application ၏ အခွန်ကို သင့်ဘက်မှ ပေးဆောင်ရန် လိုအပ်ပါသည်။ Dear Office Application ၏ package တစ်ခုခုကို ဝယ်ယူသည်နှင့် ကုန်သွယ်ခွန်ကို ထည့်သွင်းကောက်ခံမည် ဖြစ်ပါသည်။

၆။ ဆုံးရှုံးမှုများ

Dear Office Application အသုံးပြုနေစဉ် ရန်သူမျိုးငါးပါး အပါအဝင် အခြားမထိန်းချုပ်နိုင်သော အကြောင်းကြောင့်သော်လည်းကောင်း၊ သင့်ကြောင့်သော်လည်းကောင်း၊ အခြား တတိယ အဖွဲ့အစည်းတစ်ခုခုကြောင့် သော်လည်းကောင်း၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သင့်လုပ်ငန်းအကျိုး စီးပွားထိခိုက်ခြင်း၊ ဆုံးရှုံးခြင်းများ ရှိခဲ့ပါက ၎င်းဆုံးရှုံးခြင်းများအတွက် ကျွန်တော်တို့တွင် တာဝန်မရှိစေရပါ။

၇။ စည်းမျဉ်းနှင့် သတ်မှတ်ချက်များ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း

Dear Office Application အသုံးပြုမှုအတွက် စည်းမျဉ်းများ၊ စည်းကမ်းများ၊ အခြားဖော်ပြချက်များကို လိုအပ်ပါက Myanmar Web Designer (MWD) Co., Ltd. ဘက်မှ အချိန်မရွေး ပြောင်းလဲ၊ ပြင်ဆင်ခွင့်ရှိသည်။ သင့်သဘောတူညီချက် လိုအပ်သော ပြောင်းလဲ၊ ပြင်ဆင်မှု များအတွက် သင့်ထံ အီးမေလ်းဖြင့် အကြောင်းကြားပါမည်။

၈။ ဥပဒေလုပ်ထုံးအတိုင်း စီရင်ဆုံးဖြတ်ခြင်း

ဤစည်းမျဉ်း၊ စည်းကမ်းချက်များမှာ မြန်မာနိုင်ငံ၏ ပြဌာန်းထားသော ဥပဒေများနှင့်အညီဖြစ်ပြီး ညှိနှိုင်း၍ မပြေလည်နိုင်သော အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရန်ကုန်မြို့ ခုံရုံးအဆုံးအဖြတ်ကိုသာ လိုက်နာဆောင်ရွက်ရပါမည်။

** အထက်ပါစည်းမျဉ်း၊ စည်းကမ်းချက်များနှင့် ပက်သက်၍မေးမြန်းလိုပါက ၀၉-၄၃၁-၃၃၈၄၃, ၀၁-၂၃၁-၄၉၆၄ သို့ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည် **