ဝန်ထမ်းစီမံခန့်ခွဲခြင်း

နှောင့်နှေးမှုများကို လျှော့ချပြီး အလုပ် (၂) ဆထက်မက ပိုမိုတွင်ကျယ်စေမည့် လုပ်ဆောင်ချက်များ

Attendance

သင်သည် ၀န်ထမ်းများ၏ နေ့စဉ် ရုံးတက်ရောက်ချိန်၊ ရုံးဆင်းချိန်၊ ရုံးနောက်ကျချိန် စသည်ဖြင့် ဝန်ထမ်းများ၏ တိကျသော Attendance record များကိုရယူရန်လိုအပ်ပါသည်။ ထို့ကြောင့် Dear Office ၏ feature တစ်ခုဖြစ်သည့် Attendance feature မှ ထိုအခက်အခဲများကို ဖြေရှင်းပေးသွားမည်ဖြစ်ပါသည်။ Attendance page တွင် ဝန်ထမ်းများသည် click တစ်ချက်နှိပ်ရုံဖြင့် Check-in ဝင်ခြင်း၊ Check-out လုပ်ခြင်းများပြုလုပ်နိုင်ပါသည်။

Payroll

သင့်ကုမ္ပဏီဝန်ထမ်းများအတွက် လစဉ်ပေးချေရမည် လစာငွေများအတွက် အချိန်ပေးတွက်ချက်နေရခြင်းမှာ အလုပ်ရှုပ်လှပါသည်။ Dear Office ၏ feature တစ်ခုဖြစ်သည့် Payroll feature မှထိုအခက်အခဲများကိုအလွယ်တကူ ဖြေရှင်းပေးနိုင်ပါသည်။ Payroll feature သည် သင်လစဉ်အချိန်ပေးတွက်ချက်နေရသည့် ၀န်ထမ်းလစာများကို အလိုလျောက်တွက်ချက်ပေးမည်ဖြစ်ပြီး လကုန်သည်နှင့်တပြိုင်နက် လစာပေးချေရန် အရန်သင့် Salary sheet များကို Print ထုပ်ယူနိုင်ပါသည်။

Daily attendance

သင့်ကုမ္ပဏီဝန်ထမ်းများ၏ နေ့စဉ် Check-in လုပ်ခြင်း၊ Check-out လုပ်ခြင်းများကို approve လုပ်ပေးခြင်း၊ လိုအပ်ပါကပြုပြင်နိုင်ခြင်း၊ remark များကိုဖတ်ကြည့်ရုံဖြင့် ဝန်ထမ်းများ၏ ရုံးနောက်ကျချိန်(late time) များ၊ ရုံးစောဆင်းချိန် များကိုသိရှိခြင်း၊ ခွင့်ယူထားသောဝန်ထမ်းများအတွက် ခွင့်အမျိုးအစားသတ်မှတ်ခြင်းများ စသည်တို့ကိုပြုလုပ်နိုင်ပါသည်။

Monthly attendance

လစဉ်၀န်ထမ်းများ ရုံးတက်ရောက်သည့်ရက်များ၊ နေ့တစ်ဝက်တက်ရောက်သည့်ရက်များ၊ ရုံးစောဆင်းသည့်ရက်များ၊ ရုံးမတက်သည့်ရက်များ၊ ရုံးပိတ်ရက်များ စသည်တို့ကို ကြည့်ရှုနိုင်ပါသည်။